ကိုယ့်ရဲ့စိတ်ကို အားတင်းထားတတ်ပီလေ…
တခါတရံမှာတော့ လွမ်းမိရင်…
နာ..ကျင်…စီး…ကျ…မျက်ရည်... နှလုံးသားမှာ…
မင်းပေးတဲ့… ချိုမြိန်မာယာတွေဟာ… စွဲညှို့…
ဒီအာရုံတွေပဲ တမ်းတခဲ့…
မင်းမရှိချိန်… ဒီလမ်း…များပေါ်…
သစ်ရွက်ကြွေလို စိတ်…တွေလွင့်မျော…
အမြဲတမ်းမင်းစကားလေးတွေ…
မင်းရဲ့အပြုံးကလေးတွေ…
အခုတော့ကောင်းကင်… မိုးသားလေးအဖြစ်နဲ့ ပျောက်ကွယ်…
ရင်ခုန်သံတွေ ပင့်သက်ရှိုက်တဲ့… မင်းရဲ့ရင်ထဲက…
အကြင်နာတွေလည်း… ပြန်ရှာဖွေခွင့်မရခဲ့…
ဟိုးတုန်းကမင်းအနမ်းလေးတွေ…
ခုညတော့အဝေးဆုံးကို…
မင်းပဲယူဆောင်…
တိတ်တဆိတ်နဲ့… အနားနားကစွန့်ခွာ…
ကိုယ်ဟာယုံကြည်လာခဲ့သမျှ…
အလွမ်းများက အဖော်ပဲလား…
နှလုံးသားလေးလဲပဲ နွမ်းကြေ…
တယောက်တည်းခံစား…
မောပန်းနွမ်းနယ် နှလုံးသားလေးထဲမှာ.. ကွယ်…
နာကျင်စွာ အစားထိုးဖို့မလွယ်…
အရင်လို ချစ်တဲ့..စိတ်ကို လွမ်းခဲ့…
တိတ်ဆိတ်တဲ့ညဆို… မင်းရဲ့စကားကိုကြားလို့…
မြင်ယောင်လာ ဟိုအရင်ပုံရိပ်ဟောင်းတို့…
ကိုယ်တကယ်ကိုဖြေလို့မရ…
မင်းမရှိချိန်… ဒီလမ်း…များပေါ်…
သစ်ရွက်ကြွေလို စိတ်…တွေလွင့်မျော…
အမြဲတမ်းမင်းစကားလေးတွေ…
မင်းရဲ့အပြုံးကလေးတွေ…
အခုတော့ကောင်းကင်… မိုးသားလေးအဖြစ်နဲ့ ပျောက်ကွယ်…
ရင်ခုန်သံတွေ ပင့်သက်ရှိုက်တဲ့… မင်းရဲ့ရင်ထဲက…
အကြင်နာတွေလည်း… ပြန်ရှာဖွေခွင့်မရခဲ့…
ဟိုးတုန်းကမင်းအနမ်းလေးတွေ…
ခုညတော့အဝေးဆုံးကို…
မင်းပဲယူဆောင်…
တိတ်တဆိတ်နဲ့… အနားနားကစွန့်ခွာ…
ကိုယ်ဟာယုံကြည်လာခဲ့သမျှ…
အလွမ်းများက အဖော်ပဲလား…
နှလုံးသားလေးလဲပဲ နွမ်းကြေ…
တယောက်တည်းခံစား…
အားတင်းထားရင်းနဲ့…
အတားအဆီးမဲ့လို့လမ်းဟာ…
စီးဆင်းဆဲပဲစိတ်တွေ…
ခုထိလွမ်းနေဆဲ…
…..
….
….