လူဖြစ်နေတော့လည်း… လူတွေနဲ့ ပတ်သတ်ရတာပေါ့လေ…
ပေးဆပ်ခြင်း လို့ သုံးကြသလား…
ငါလိုအပ်နေတဲ့ ကောက်ရိုးတစ်မျှင်…
လက်တစ်ဖက်ကို ဆုပ်ကိုင်ဖို့…
ငါ့ကိုဖမ်းဆုပ်လိုက်ဖို့…
ဆိုတဲ့မျှော်လင့်ချက်နဲ့…
ဘေးဘီကို ငါရှာကြည့်တယ်…
မတွေ့ဘူး….
ရှာတယ်… ရှာတယ်… ရှာတယ်….
ဟော………… တွေ့ပြီ။
ငါမှန်ရှေ့မှာ ရပ်မိနေတယ်လေ….။
ငါ့ကို အားမကျ ကြပါနဲ့…
ငါ့ကို မနာလို မဖြစ်ကြပါနဲ့…
ငါဟာ ငါတောင် မဖြစ်နိုင်တော့တာပါ…။
မနက်လင်းတိုင်း…
ညမိုးချုပ်တိုင်း…
ညသန်ခေါင်မှာ လန့်နိုးတိုင်း….
အထီးကျန် သိမ်ငယ်မှုများစွာ နဲ့…
လူမသိ သူမသိ ကျရှုံးနေခဲ့တာတွေ…။
လမ်းလျှောက်ချင်ယောင်ဆောင်ပြီး…
တကယ် လမ်းပျောက်နေတာတွေ…။
မလိုချင်တော့ဘူး လို့ အော်နေပေမဲ့…
တန်ဖိုးထားနေသေးတာတွေ…။
ငါကိုယ်တိုင်တောင် မပိုင်နိုင်တော့တဲ့…
စိတ်ဓါတ် ခွန်အားတွေနဲ့…
သူများကို အားပေးနေခဲ့တာတွေ…။
ဟန်ဆောင်နေတဲ့ အပြုံးနဲ့…
ငိုဒဏ်ပေကျံနေတဲ့ ငါ့မျက်ရည်တွေ…။
အမုန်းတွေကိုအံတုရင်း…
အပြုံးတွေကို ကြိုးစား ဆင်မြန်းခဲ့သော်ညား…
အရှုံးတွေပဲထပ်ရနေရာက…
ပြန်မမဲ့တတ်တော့တဲ့အခါမှာ…
သိမ်မွေ့နူးညံ့တဲ့ ငါ့ကိုယ်ပိုင် စိတ်ကလေးကို…
ပြောင်လဲပစ်ဖို့…
ငါကိုယ်တိုင်…
တစတစ ကြိုးစားနေမိတယ်…
ငါမှားများနေလား…။
တကယ်တော့ ဖြူစင်မှုက ငါ့ကို နာကျင်စေတယ်လေ…။
.

ဆင်ပုပ်လေး။
လမ်းလျှောက်ချင်ယောင်ဆောင်ပြီး…
တကယ် လမ်းပျောက်နေတာတွေ…။
တအားဝမ်းနည်းနေပုံပဲ။
ဒီလိုပါပဲ သူငယ်ချင်းတွေဆိုတာ အမြဲတမ်း မကောင်းနိုင်ဘူး ဆိုတာ စိတ်ထဲမှတ်ထားပီး စိတ်နှစ်ကိုယ်နှစ် မပေါင်းမိစေနဲ့။ ညီမလေးက ကိုယ့်ကိုယ်ကို စိတ်ဓါတ်မာအောင်သာလုပ်နေတာ လူကသာ ကြမ်းလာပီး စိတ်က ပိုနုသွားသလားလို့။ ပီးတော့ပြောချင်တာတွေကို ဒီမှာပဲ မပြောနဲ့ ပြောချင်တဲ့လူဆီ တိုက်ရိုက်ရောက်အောင်ပြော။ ဘယ်သူက ဒီမှာ တကူးတက ဘာအသစ်လေးများရှိသလဲ ဆိုပီး လာကြည့်လို့လဲ။ လူတိုင်းကို ကိုယ့်လို မတွေးနဲ့။ အဲဒီတော့ တခါတလေ ပွင့်လင်းရတယ် ။ ပေါက်ကွဲရတယ် ။