….
ဘယ်လို ဖြေရမလဲ ပေါ့ပါးခြင်းနဲ့ ဘ၀…
ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့ ခရီးသည် တဦးရဲ့ ညနေများ…
တညလုံးငါ့ရဲ့အနား.. သက်ပြင်းများကြွေကျ…
ညတိုင်းအိပ်မက်ထဲမှာ တစုံတယောက် ငါ့ကို ရပ်စောင့်နေတယ်…
လေနှင်ရာ လွင့်တဲ့ တိမ်တိုက် တစ်ခုပါပဲကွယ်…
ယုံကြည်ကိုးစား ထားတဲ့ မင်းမျက်လုံးတွေ မှိတ်ပစ် လိုက်ပါကွယ်…
စိတ်ကူးနဲ့ အိပ်မက်ရယ် တကယ်တမ်း ဖြစ်မလာခဲ့…
နေရစ်ခဲ့ပါကလေးရယ် ငါအဝေးဆုံးကို ပြေး သွားချင်တယ်…
ဘယ်လိုကြေကွဲမလဲ ဘယ်လို ငိုကြွေးမလဲ ချစ်သူလေးရယ် မင်းအတွက်ပဲ…
မျှော်လင့်ခြင်းနဲ့ ဖမ်းဆုပ်ထားတဲ့ လက်တွေ အားမဲ့သွားပြီကွယ်…
ဘယ်လိုကြေကွဲမလဲ ဘယ်လို ငိုကြွေးမလဲ ချစ်သူလေးရယ် မင်းအတွက်ပဲ…
အိုး…
အရောင်လွင့်လို့ သွားပြီကွယ် အိပ်မက်လေးရယ်…
နောက်ဆုံး…
ငါ.. အဝေးဆုံး သွားချင်တယ်…။
လေနှင်ရာ လွင့်တဲ့ တိမ်တိုက် တစ်ခုပါပဲကွယ်…
ယုံကြည်ကိုးစား ထားတဲ့ မင်းမျက်လုံးတွေ မှိတ်ပစ် လိုက်ပါကွယ်…
စိတ်ကူးနဲ့ အိပ်မက်ရယ် တကယ်တမ်း ဖြစ်မလာခဲ့…
နေရစ်ခဲ့ပါကလေးရယ် ငါအဝေးဆုံးကို ပြေး သွားချင်တယ်…
….
ဆင်ပုပ်လေး။