ခိုင်…
ငါမှားတယ်လို့ တစ်ထစ်ချ မပြောပါနဲ့လား…။
ငါမှားခဲ့တယ် ဆိုရင်တောင် နင်နဲ ပတ်သတ်ပြီး၊ ငါတို့နဲ့ ပတ်သတ်ပြီး ငါ့အတ္တလို့ နင်မှတ်ယူပေးပါ။
တကယ်ကိုလည်း ငါ အတ္တကြီးပါတယ်..ခိုင်။
ငါတို့အတူ ပျော်ခဲ့ကြတဲ့ အတိတ်ရဲ့ အမှတ်တရ ဓါတ်ပုံလေးတွေကို၊ ငါ.. တန်ဖိုးထားတယ်လို့ မပြောနိုင်ရင်တောင်မှ ငါ.. လွမ်းမိပါတယ် ခိုင်…
ငါမစခဲ့ ပါဘူး ခိုင်.. ငါနင့်ကို မစနောက်ခဲ့ပါဘူး။
နင်စိတ်ဆိုးသွားမှာ စိုးတဲ့ ငါ့အကျင့်အတိုင်း ငါညာခဲ့ပါတယ်။
ငါတကယ် ပြောဖြစ်ခဲ့တာပါ။ ငါတကယ် မကြည့်ချင်ခဲ့ပါဘူး။
ငါတို့နဲ့ ကမ္ဘာ့ ရှေ့နောက် ကွဲသွားတဲ့ နင့်ကို ငါ-စာနာပါတယ်။
ဒါပေမဲ့ ငါမခံနိုင်တာက မခံနိုင်တာပဲလေ…
ငါကို နားလည်ပေးစေချင်လွန်းလှပါတယ်… ခိုင်။
နင်ရယ်… ငါရယ်… မြိုင်ရယ် အရင်က သုံးယောက် တူတူ ပျော်ပါးခဲ့ကြတာတွေ….
နင်နဲ့ နင့်သူငယ်ချင်းလေးတွေ ပျော်ပါးနေတဲ့အချိန်ရဲ့ သက်သေတွေကို အတ္တသမား ငါက ဘယ်နှလုံးသားနဲ့ လက်ခံ ရမလဲ…ခိုင်။
ဟင်း… နင့်သူငယ်ချင်းကလည်း ဘာကြီးမှန်း မသိဘူး… လို့ သူများပြောတာတွေ နင်ခံရနေပြီလား… တောင်းပန်ပါတယ် ခိုင်ရယ်..။
လူဆိုတာ ဝေးသွားရင် ဝေးသွားတာပဲလေ…။
ငါပြောချင်တာ နင် နားလည်မှာပါ ခိုင်။
အရင် ကျောင်းတက်တုန်းက ချစ်ခဲ့ ခင်ခဲ့ ကြတဲ့ သူငယ်ချင်းတွေ ဘယ်လောက်ပဲ ရှိခဲ့ ရှိခဲ့၊ ပြန်လည်ဆုံတွေ့ခဲ့ကြတဲ့ ငါတို့ သုံးယောက်က သိပ်ချစ်ခဲ့ကြတာ၊ သိပ်ချစ်သွားကြတာဟာ ..
ခုနောက်ပိုင်းမှ မဟုတ်လား…။ ကျန်တဲ့သူတွေကို ငါတို့က ငါတို့လောက် မတွယ်တာတော့ဘူးလေ…။
အဲဒါ ဘာဖြစ်လို့လဲ… နင်သိပါတယ်ခိုင်။
အနေဝေးခဲ့ကြတယ်မလား………..
အခု ငါတို့ အနေဝေးနေပြီလေ..ခိုင်..၊ ငါအတ္တထားသင့်ပါတယ်။
နင့်ပုံတွေ မြင်တော့… နင်- ငါမရှိလည်း၊ ငါတို့ မရှိလည်း ပျော်မှာပါပဲလေ လို့ တွေးလိုက်မိတာ အမှန်ပါ။ ပြီးတော့ကော…
ငါလည်း ဒီလိုတင်လိုက်ရင် နင်ကော ငါ့လိုပဲ နင်မရှိလည်း ငါပျော်နိုင်ပြီပဲလို့များ တွေးလိုက်လေမလား… ပေါ့
နင်အဲဒီလို တွေးလိုက်မှာကို ငါစိုးရိမ်သွားမိတယ်ခိုင်… ငါက အတွေးသမား မဟုတ်လား…
နင့်စိတ်နဲ့ မနှိုင်းနဲ့ လို့တော့ မပြောပါနဲ့ခိုင်… ငါကိုယ်ချင်းစာ ကြည့်လိုက်မိယုံပါ။
ငါ့စိတ်ထဲ တကယ်ကို အဲဒီလို ခံစား သွားရတာပါခိုင်။
ငါ.. လျစ်လျူရှုလိုက်ရတော့ မှာလား???
နင်ပြောလိုက်သလို ပျော်တာကပျော်တာပဲ၊ သတိရတာက သတိရတာပဲ … ဆိုတာ မှန်ပါတယ်။ ငါ မငြင်းပါဘူး ဒါကို…
ငါပြောတာလည်း ငါ့ခံစားချက်ပဲလေခိုင်… ငါနင့်ကို အပြစ်တင်နေတာ မဟုတ်ဘူးလေ
ဒါ… ငါ့စိတ်လေခိုင်- နင်နားလည်မှာပါ.. နင်က ငါ့စိတ်ကို ဖတ်တတ်တာပဲမလားလေ…
တချိန်လုံးလိုလို သေဖို့ပဲ တွေးနေတတ်တဲ့ ငါလိုလူမျိုးက နင့်ကို စိတ်ညစ်အောင် လုပ်ခဲ့ မိတယ် ဆိုရင် အတ္တသမား ငါ့ကိုပဲ ခွင့်လွှတ်ပေးဖို့ တောင်းဆို ပါရစေ… ခိုင်
နင့်အတွက် ငါငိုခဲ့တာ အကြိမ်ကြိမ်ပါပဲ – ခိုင်
ငါမငိုတတ်တာ နင်အသိဆုံးပါ။
တခါတလေတော့လည်း လေးဖြူရဲ့ သီချင်းကို ငါလည်း နင့်ကို ရည်ရွယ်ပြီး ဆိုညည်း ဖြစ်ပါတယ်ခိုင်..
~~~ ဘာတွေကို မင်းလုပ်နေမလဲ…. ဘယ်သူနဲ့ မင်းရှိနေမလဲ… ~~~~ ခိုင်
ချစ်ခြင်းများစွာဖြင့်…
ကဗျာမဆန်တဲ့ လေလွင့်ငှက်